တောင်ကြီး နိုဝင်ဘာလ ၂၁ ရက်
တောင်ကြီးမြို့နယ်၊ နန်းဟူး ကျေးရွာအုပ်စုအတွင်း မီးရထားဘူတာမြေအဖြစ်အသုံးပြုရန် လျှောက်ထားမှု၊ ဂိုဒေါင်နှင့် ကြက်မွေး မြူရေးလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားမှု၊ နမ့်ဆီးကျေးရွာအုပ်စုအတွင်း လူနေအိမ်ဆောက်လုပ် အသုံးပြုရန်လျှောက်ထားမှု၊ ထီဖောင်းကျေးရွာအုပ်စုအတွင်း စားသောက်ဆိုင်နှင့် အပန်းဖြေစခန်း ဆောက်လုပ်အသုံးပြုရန် လျှောက်ထားလာသောအမှုတွဲများနှင့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားလျက် ရှိသော မြေနေရာများ၌ နိုဝင်ဘာလ၂၁ ရက် နံနက်(၁၀) နာရီက မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်/ယန္တရားများ ရပ်နားသိုလှောင်မှုမရှိစေရေး တောင်ကြီးမြို့နယ်အတွင်း လယ်ယာမြေများပေါ်တွင် ဌာန / အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များမှ ၎င်းတို့အသုံးပြုဆောင်ရွက်မည့် နည်းလမ်းအလိုက် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားလာသော အမှုတွဲများအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးမျိုးသူ၊ အဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စုလယ်‌ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်‌ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး