လားရှိုး နိုဝင်ဘာ-၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို နိုဝင်ဘာလ(၂၁)ရက် နံနက်ပိုင်းက စတင်ကာ ဆောင်ရွက်‌ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပင်စင်လစာ လာရောက်ထုတ်ယူသည့် ပင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက ပင်စင်လစာများစနစ်တကျထုတ်ပေးခြင်း၊ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံးကြီးမှ ဝန်ထမ်းများက အခမဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှု ဆောင်ရွက် ပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်၍ လားရှိုးမြို့နယ်ဆန်စပါးကုန်သည်များအသင်းအနေဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၃၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း စနစ်တကျ ရောင်းချ‌ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး