မောက်မယ်၊ နိုဝင်ဘာ ၂၁
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကို နိုဝင်ဘာလ၂၁ရက်နံနက် ၇နာရီမှ စတင်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်အတွင်း ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထား ကြေညာပေးကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာမှုအား ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြို့ပေါ်ရပ်ကွက်(၇)ခုနှင့် ကျေးရွာအုပ်စု (၈)အုပ်စုတို့တွင် လျာထားမဲရုံ ပေါင်း (၃၇)ရုံရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၅၈၂၇)ဦးရှိပြီး ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိသူများ ပုံစံ−၃ တောင်းဆိုလွှာဖြင့် လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းတွင် ပါရှိရန်မသင့်သောသူများအား ပုံစံ−၄ ကန့်ကွက်လွှာဖြင့်လည်းကောင်း၊ အချက် အလက်မှားယွင်းနေပါက အမှားပြင်ဆင်ရန် ပုံစံ−၄(ဂ)ဖြင့် လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လျှောက်လွှာများ အခမဲ့ရယူပြီး လျှောက်ထားနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး