
ဆီဆိုင် နိုဝင်ဘာ- ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို နိုဝင်ဘာလ၂၀ရက် နံနက်(၁၀)နာရီက လွယ်ဆံဆစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် အသိပညာဗဟုသုတ၊ လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဇော်ထွန်း က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောကြပြီး မြို့နယ်အားကစားမှူး ဦးဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစား ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့အပြင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် ဆိုင်ရာများ၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံများကို ပြသပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး