
မိုင်းပန် နိုင်ဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း (မွေတော်)၌ နိုင်ဝင်ဘာလ၁၉ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးရန်ပိုင်ထွန်းက သစ်တောထိန်းသိမ်းရေး သိကောင်းစရာများ၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဟိန်းလင်းထိုက်မှ မီးခိုးမြူငွေ့လျှော့ချရေး မီးဘေးအန္တရာယ် ဆိုင်ရာများကိုလည်းကောင်း ဟောပြောခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး