
ကလော နို၀င်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ ၀ါးရုံပင်ကျေးရွာအုပ်စု၊ ၀ါးရုံပင်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့ရောင်စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့် ” ရွှေရင်အေး”မျိုးစေ့ ထုတ်လုပ်ရေးလုပ်ငန်းသမ၀ါယမအသင်း လီမိတက် ၏ GW – 11 မိုးစပါးရိတ်သိမ်းမှု အခြေအနေအား နိုဝင်ဘာလ(၁၈)ရက် မွန်းလွှဲပိုင်းကတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ် ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် နှင့်တာဝန်ရှိသူများက GW – 11 မိုးစပါးရိတ်သိမ်းနေသည့် “ ရွှေရင်အေး” မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်း နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ တစ်ဧကလျှင် (၁၃၀) တင်းပျမ်းမျှထွက်ရှိ ကြောင်း၊ အသင်းမှ လိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် စျေးကွက်ပိုမိုရရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး