
ဆီဆိုင် နိုဝင်ဘာ-၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးသည် နိုဝင်ဘာလ၁၇ရက် ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး သည်။
တွေ့ဆုံစဉ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးက ဆီဆိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်ပပြုလုပ်နိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ MEVM မဲပေးစက်ဆိုင်ရာများ၊ မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန်ရေး ကြိုတင်မဲပေးခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးခွင့်ရရှိရေး၊ မဲရုံကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတို့က ဆီဆိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး