
လားရှိုး နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးကြပ်၍ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အလွတ်တန်းဖိတ်ခေါ် ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် နေ့လည် ၂ နာရီက ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ လားရှိုးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ၄ ချက်အား စုပေါင်းရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အားကစားပြိုင်ပွဲ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အကအဖွဲ့များမှ ကပြဖျော်ဖြေသည်။
အဆိုပါ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အလွတ်တန်းဖိတ်ခေါ် ဘော်လုံးပြိုင်ပွဲအား နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၃၀ သင်း ပါဝင်ယှဉ်ပြိုင်ကာ အုပ်စုပွဲစဉ်၊ ပထမအဆင့်ရှုံးထွက်ပွဲစဉ်၊ ကွာတားဖိုင်နယ်ပွဲစဉ်၊ ဆီမီးဖိုင်နယ်ပွဲစဉ်၊ တတိယဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ စသည်ဖြင့် ပွဲစဉ်များအလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး