
လင်းခေး နိုဝင်ဘာလ၁၅ ရက်
လင်းခေးခရိုင် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမင်းသက်နိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆီဆုံရပ်ကွက်ရှိ ကမ္မဌာန်းကျောင်းဝန်းသန့်ရှင်းသာယာရေးအတွက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၉)ဌာနမှအကြီးအကဲနှင့်ဝန်ထမ်းများ၊ ခလရ(၁၃၂)မှ အရာရှိနှင့် စစ်သည် များ၊ ဒေသခံပြည်သူများပါဝင်သော စုစုပေါင်းအင်အား(၁၆၂ )ဦးခန့်တို့ဖြင့် နိုဝင်ဘာလ၁၅ရက် နံနက် ၇နာရီက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် နံနက်၉ နာရီခွဲတွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ Clean & Green ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် (၄၇.၄၇၀) သန်းဖြင့် မိုင်းပန်မြို့၊ ရွာသစ်ရပ်ကွက်ရှိ နှစ်ကျိတ်ရှစ်ဆူလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး