
မောက်မယ်၊ နိုဝင်ဘာ ၁၅
မောက်မယ်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများက (၃၉) ကြိမ်မြောက် တရားစခန်းဖွင့်လှစ်မည့် မူလသထုံမင်းကွန်း ဇေတဝန်သာသနာ့မာန်အောင် ကမ္မဌာန်းတိုက်၌ ယောဂီများ အေးချမ်းသာယာစွာ တရားအားထုတ်နိုင်ရေး၊ ခြင်ယင်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးညီညွတ်မျှတစေရေးအတွက် နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီအချိန်တွင် ကျောင်းဝင်း အတွင်း/အပြင် စုပေါင်း၍ လုပ်အားဒါန ကုသိုလ် ပြုခဲ့ကြသည်။
ထိုသို့ကုသိုလ်ပြု ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသက်နိုင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူ လူထုများက ကျောင်းဝန်းအတွင်း၌ ပေါင်းမြက်များကို မြက်ဖြတ်စက်ဖြင့် ရှင်းလင်းခြင်း၊ သစ်ပင် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ချုံနွယ်များနှင့် အမှိုက်သရိုက်များ၊ သဲမြေနှုန်းမြေများသယ်ယူ ရှင်းလင်း ခြင်း လုပ်ငန်းများကို တက်ညီလက်ညီ လုပ်အားဒါနကုသိုလ်ပြုခဲ့ကြပြီး ကျောင်းထိုင်ဆရာတော်နှင့် စေတနာရှင်များကစုပေါင်းသန့်ရှင်းရေးကုသိုလ်ပြုသူများအားကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး