
လားရှိုး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီခွဲက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ ငွေရတုခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) မှ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးအေးဝင်းက အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲ ဖွင့်လှစ်ပေးသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လားရှိုးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲနှင့် ပတ်သက်သည့် သင်တန်းစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆွေးနွေးပွဲအား နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး လားရှိုးမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် သင်တန်းသားသင်တန်းသူ ဆရာဆရာမ စုစုပေါင်း ၁၅၈၃ ဦးအား နည်းပြဆရာဆရာမ စုစုပေါင်း ၁၁၆ ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး