
လင်းခေး နိုဝင်ဘာ ၁၄
လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် လင်းခေးခရိုင်၊ လင်းခေးမြို့၊ အခြေခံပညာအထက်တန်း ကျောင်း(လင်းခေး) ၊ ပတ္တမြားခန်းမ၌ နိုဝင်ဘာ၁၄ရက် နံနက်၉ နာရီတွင် ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ (၁၀၅)နှစ်မြောက် “အမျိုးသား အောင်ပွဲနေ့” အခမ်းအနားသို့ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတို့နှင့်တက်ရောက်ပြီး အခမ်းအနားတွင် အခြေခံပညာ အထက်တန်းကျောင်း (လင်းခေး) ကျောင်းသား/သူများမှ “ဇာတိမာန်”သီချင်းဖြင့်သီဆိုဖွင့်လှစ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဦး က ဖတ်ကြားခြင်း၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် တို့၌ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူတို့အား တပ်နယ် (လင်းခေး)၊ တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ ခရိုင်ပညာရေးမှူး ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်တို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်း (လင်းခေး) ကျောင်းသား/သူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ မောက်မယ်မြို့၊ ကုန်းလမ်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီခန်းမဆောင်၌ ကျင်းပပြုလုပ်သော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် မှ တက်ရောက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာ (အထက်တန်းနှင့်အလယ်တန်း) အဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲမှ ဆုရကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများနှင့် ဆုရကျောင်းသား /သူများစုစုပေါင်း( ၁၅၀ ) ဦးခန့်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မိုင်းပန်မြို့၊ အနောက်ရပ်ကွက်၊ အလက (ခွဲ) မြို့မစာသင်ကျောင်း၌ ကျင်းပပြုလုပ်သော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုန်းနှင့်ကဗျာပြိုင်ပွဲမှဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား(၂၅၀)ဦးတို့ဖြင့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး