
ကလော နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီအချိန်ကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ပြုလုပ်ခဲ့ရာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ကျောင်းအုပ်ဆရာ မကြီးနှင့်ဆရာ/ဆရာမများ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့် က ဖတ်ကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့်၊ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းတို့ က ၂၀၂၅-၂၀၂၆ ပညာသင် နှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဝန်ထမ်းများက (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး