လားရှိုး နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ၂၀၂‌၅ ခုနှစ်၊ ၁၀၅ နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို နိုဝင်ဘာ ၁၄ရက် နံနက် ၉ နာရီက အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းရှိ ငွေရတုခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ အခမ်းအနားအား အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” သီချင်း သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဝတိုင်းရင်းသားကိုယ်စားလှယ် ဦးလုတ်ယွန်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အဆင့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့်အ‌ခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသားကျောင်းသူများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဝတိုင်းရင်းသားကိုယ်စားလှယ် ဦးလုတ်ယွန်း၊ ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) မှ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေနှင့် ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးအေးဝင်းတို့က ထူးချွန်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
၎င်းနောက် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်း သီဆိုဖျော်ဖြေ၍ အခမ်းအနားအားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး