
မောက်မယ်၊ နိုဝင်ဘာ ၁၄
(၁၀၅)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ နိုဝင်ဘာ ၁၄ရက် နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထက (မောက်မယ်)မှ ကျောင်းသားကျောင်းသူများက အခမ်းအနားအား “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သတိုးမဟာသရေစည်သူ သတိုးသီရီ သုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်က ဖတ်ကြားပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးရာ “မြန်မာ့ကျောင်း”သီချင်းဖြင့် အခမ်းအနားပြီးမြောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “ သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး