မိုင်းရယ် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၁ရက် နေလည် ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ် လဝက ရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း ကျန်ရှိမှုမဖြစ်စေရေး တို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေး‌နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြေပြင်ကွင်းဆင်းစာရင်း‌ကောက်ယူ‌ရေးကြီးကြပ်မှု ကော်မတီဝင်များက စိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး