လွိုင်လင် နိုဝင်ဘာ ၇
လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ၇ရက်နံနက် ၆ နာရီတွင် ရတနာစည်ကျောင်း တိုက်မှ သံဃာ (၅)ပါးအား အာရုံဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အုပ်ချုပ်ရေးမှူးများအား ဧည့်ခံကျွေးမွေးခြင်းနှင့် နံနက် ၁၁ နာရီတွင် လွိုင်လင်မြို့နယ်နှင့်ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်း(၇၂)ဦးတို့အား တူညီဝတ်စုံ၊ ဆန်(၃)ပြည်အိတ် (၁)အိတ်၊ ဆီ (၁)ဘူး၊ ကြက်ဥ ၁၀လုံးနှင့် ထီလက်မှတ်(၁)စောင်စီအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး