တောင်ကြီး နိုဝင်ဘာ ၇
တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် ZLM ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော (၆)ခန်းတွဲ (၂)ထပ် ၂ (၁၄၀‌ပေ×၃၆ပေ) သံကူကွန်ကရစ်အဆောက်အဦ (၁)လုံး ဆောက်လုပ်ခြင်း လုပ်ငန်းတစ်ခုလုံး၏ (၉၀%) ပြီးစီးမှုအခြေအနေအား နိုဝင်ဘာလ၇ရက် ညနေ(၄) နာရီတွင် အ‌ရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေး ဆပ်ကော်မတီ ‌ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များဖြစ်သော အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တာဝန်ရှိသူများနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များပါဝင်သော အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး