‎ပင်းတယ နိုဝင်ဘာ ၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၌ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ(၇)ရက် နံနက် (၁၀)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထွေထွေအုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားရေး မှူးဦးရဲလင်းမောင်က မိမိတို့ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ် ငန်းများကို အရှိန်အဟုန်မပျက်ဆက် လက်ကြိုစား ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ဝန်ထမ်းများ အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တူညီ ဝတ်စုံများကို ပေးအပ်သည်။ထိုနောက် အခမ်းအနားသို့တက်ရောက်လာကြသူများမှ(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသမိုင်းကြောင်း video clip အားကြည့်ရှုခဲ့ကြကာ အမှတ်တရ လက်ဆောင်ပစ္စည်းများကို ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး