
ကျိုင်းတုံ နိုဝင်ဘာ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ ) ရုံး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၇) ရက် နံနက်(၆) နာရီတွင် ပြည်နယ်ဒု/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံးနှင့် မိုင်းလားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများစုပေါင်း၍ ( ၃၇ ) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ )၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ဦးတင်လင်း နှင့် ဇနီး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ နှင့် ဇနီး၊ မိုင်းလားခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ နှင့် ဇနီး၊ ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ၊ ပြည်နယ်ဒု/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ )နှင့် မိုင်းလားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ )၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ဦးတင်လင်း သည် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ )နှင့် မိုင်းလားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများဖြင့်တွေ့ဆုံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ် လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီးနောက် ( ၃၇ ) နှစ်မြောက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး