
တောင်ကြီး နိုဝင်ဘာ၅
(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ(၅)ရက်၊ နေ့လည်(၁၂)နာရီခွဲတွင် အမျိုးသမီးနှင့် ကလေး ဆေးရုံကြီး၌ ပြည်နယ်/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ စုပေါင်း၍ သွေးလှူဒါန်းမည်ဖြစ်ရာ သွေးလှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်နေမှု များအား ခရိုင်အုပ်ချုပ်ရေးမှူးသည် တောင်ကြီးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့ ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး