
လင်းခေး နိုဝင်ဘာလ ၅ ရက်
လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ သမိုင်းဝင် “မဟာ မြတ်မုနိရုပ်ပွားတော်မြတ်ကြီး”၏ ကျောင်းဆောင်တော် အသစ်တဖန် ရတနာထီးတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၄)ရက် နံနက် (၇)နာရီတွင် ကျင်းပခဲ့ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တစာရိန္ဒ (မဟာဂန္ဓဝါစကပဏ္ဍိတ) သာသနာ့ဓဇဓမ္မာစရိယ၊ MA သီရိလင်္ကာ)နှင့် မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသောပင့်သံဃာတော်များထံမှ ဒုဝန်ကြီး၊ ရဲချုပ်၊ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်(ငြိမ်း)နှင့် ဇနီး၊ တပ်နယ်(လင်းခေး) တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်နှင့်ဇနီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများနှင့်ဝန်ထမ်းများ၊ ဟိုမိန်းဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်(ဌာနေ)ဥက္ကဋ္ဌ ဦးမဟာဂျာ၊ ထီးတော် မတည်အလှူရှင် စိုင်းအောင်ကျော်လေးနှင့် ဇနီး ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဂေါပက အဖွဲ့တို့မှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ရတနာစိန်ဖူးတော်အား ဂေါပကအဖွဲ့ထံသို့ လွှဲပြောင်း လှူဒါန်းပြီးနောက် ကျောင်းဆောင်တော်အား လက်ယာရစ်(၃)ကြိမ်လှည့်လှည်ပူဇော်ပြီး နတ်ပန်းရထား ဖြင့် ရတနာထီးတော်ဘုံအဆင့်ဆင့်နှင့် စိန်ဖူးတော်တင်လှူခဲ့ပြီးနောက် ဗုဒ္ဓဘိသေကအနေကဇာ တင် လှူကာ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး