ရပ်စောက် နိုဝင်ဘာလ ၄
ဗထူးတပ်နယ်၊ ရပ်စောက်မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်နေပြည်သူအလှူရှင်များပါဝင်သည့် (၆၆)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၄)ရက်၊ နံနက်(၉)နာရီတွင် ရပ်စောက်မြို့၊ မြို့ကုန်းရပ်ကွက်၊ စူဠာမုနိကုသိုလ်တော် ဘုရားကြီးဓမ္မာရုံ၌ နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ရပ်စောက်မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင် မင်္ဂလာရန်အောင်ကျောင်းဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး အလှူရှင်များက ဉာတ်ကထိန်သင်္ကန်းနှင့် ကထိန်သင်္ကန်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နေ့ဆွမ်း၊ နဝကမ္မ၊ ဆေးပဒေသာပင်၊ ပဒေသာပင်နှင့် လှူဖွယ်ဝတ္တုပစ္စည်းတန်ဖိုး စုစုပေါင်းကျပ် (၁၇၄,၇၆၂,၉၀၀)သိန်းအား ရပ်စောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဗထူးတပ်နယ်မှ အရာရှိများ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး