
မိုင်းရယ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့ (၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်း မဟာဘုံကထိန် ကပ်လှူပူဇော်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီက နားဖျိုင်း ကျေးရွာအုပ်စု၊ နားဝ ကျေးရွာ၊ ဟိုဝိန်းကျောင်းတိုက်၌ ပြုလုပ်သည်။ ဦးစွာ ဌာနဆိုင်ရာများနှင့် အလှူရှင်အသီးသီးမှ လှူဒါန်းထားကြသည့် ပဒေသာပင်များကို မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ၊ အမှတ်(၂) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမောင်မောင်နှင့် တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိ သူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် အလှူ့ရှင်ဒါယကာ၊ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်း တို့က သီရိမင်္ဂလာစွမ်ဆိုင်ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်တရားတော်ကို ရွတ်ပွားချီးမြှင့်သည်။
ယင်းနောက် အလှူ့ရှင်ဒါယကာ၊ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က သံဃာတော် အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မိုင်းရယ်မြို့ပေါ်ကျောင်းတိုက်(၇)တိုက်တို့အား ပဒေသာပင်များအား မဲဖောက်ပြီး မဲပေါက်ရာကျောင်းတိုက်ဆရာတော်ထံများအား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေး ဝေသည်။
မိုင်းရယ်မြို့နယ်၏ (၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ ပဒေသာပင်လှူဒါန်းမှုမှာ ပစ္စည်းတန်ဖိုး(၁၄၅၁၀၀၀ဝိ/)၊ ငွေသားကျပ် (၃၂၁၃၆၀၀ဝိ/) စုစုပေါင်းတန်ဖိုး ကျပ်(၄၆၆၄၆၀၀ဝိ/) ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး