
တန့်ယန်း နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၃၈)ကြိမ်မြောက် မြို့နယ်လုံး ကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းလှည့်လည်ပွဲကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လှည့်လည်ကြသည်။
အဆိုပါ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းလှည့်လည်ပွဲတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြီးကြပ်၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ ပဒေသာပင်များက အတီးအမှုတ် အကအလှများဖြင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လှည့်လည်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး