မိုင်းဆတ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်လုံးဆိုင်ရာ (၅၅)ကြိမ်မြောက် နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များအား မြတ်ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ နိုဝင်ဘာ ၁ ရက်က မော်တော်ယာဉ်များဖြင့် မြို့ပတ်လမ်းအတိုင်းလှည့်လည်ပူဇော်ခဲ့ပြီး နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲက ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို တပ်နယ်ရှိ ရန်ကြီးအောင်ခန်းမတွင် ကျင်းပ သည်။
ဦးစွာ ¬မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ(ရှမ်းပြည်နယ်သံဃဝန်ဆောင်ဆရာတော်)ထံမှ ဧည့်ပရိတ်သတ် များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။ ထို့နောက် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးညီညီထွေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းပြီး ဓာတ်စွမ်းဟုန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ရေဝတထံမှ ရေစက်ချအနုမောဒနာတရားနာယူသည်။
ယင်းနောက် ငွေကျပ်(၇၃,၃၉၇,၃၅၀)တန်ဖိုးရှိ ပဒေသာပင်(၃၇)ပင်အား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၇)ကျောင်းသို့ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး