တောင်ကြီး နိုဝင်ဘာ-၁၇
၂၀၂၅ခုနှစ်ဒီဇင်ဘာလတွင် စစ်မှန်သောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ ပြည်သူများတရားမျှတပြီး လွတ်လပ်စွာမဲပေးပိုင်ခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိမှသာ မဲပေးပိုင်ခွင့်ရရှိနိုင်ရန်အတွက် နိုဝင်ဘာ(၁၇)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့ပေါ်(၂၂)ရပ်ကွက်ရှိ ပြည်သူများအား “ပန်းခင်းစီမံချက်´´အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်လှည့်လည်ကြည့်ရှုအားပေး၍ ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးရာတွင် မြို့တော်ခန်းမအပြင်ဘက်၌ မြို့ပေါ်(၂၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ထောက်ခံစာများဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ရဲစခန်းထောက်ခံစာများ ဆောင်ရွက်ပေးခြင်း၊ ခန်းမအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စာရွက်စာတမ်းများမိတ္တူကူးပေးခြင်း၊ e-idစစ်ဆေးပေးခြင်း၊ နိုင်(၂)နိုင်(၄)ကောက်ယူဆောင်ရွက်ပေးခြင်း၊ ဓါတ်ပုံရိုက်ကူးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ပေးခြင်း၊ Biometric ကောက်ယူဆောင်ရွက်ပေးကြပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာလ(၁၇)ရက်မှ(၂၀)ရက်နေ့အထိ နေ့စဥ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး