တောင်ကြီး နိုဝင်ဘာ-၄
၂၀၂၅ ခုနှစ် တောင်ကြီးမြို့ရိုးရာမပျက် တန်ဆောင်တိုင်ပွဲတော်ဆဋ္ဌမနေ့ကို နိုဝင်ဘာ(၃)ရက်၊ အဖိတ်နေ့ညနေ(၃)နာရီက တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်း၌ နေ့လွှတ်အရုပ်မီးပုံးပျံ ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုအရုပ်များလွှတ်တင်ယှဥ်ပြိုင်လျက်ရှိရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်များက မီးပုံးပျံနေ့လွှတ်ယှဥ်ပြိုင်ကြသည့် ပြည်သူများ၊ အမှတ်ပေးဒိုင် အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြား၍ နေ့လွှတ်မီးပုံးပျံလွှတ်တင်ယှဥ်ပြိုင်နေမှုအား ကြည့်ရှုအားပေး၍လည်းကောင်း၊ တန်တိုင်ပွဲတော်အတွင်း MSMEဒေသထွက်ကုန် ပစ္စည်းများ ရောင်းချနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဆဋ္ဌမနေ့အဖိတ်ညတွင်လည်း အဝေရာ မီးပုံးပျံကွင်း၌ မိုးဖွဲဖွဲလေပြေလေးများ၊ မြူများအုံဆိုင်းနေသော်လည်း မီးပုံးပျံချစ်ကြသော ဒေသခံတိုင်းရင်းသား ပြည်သူများရပ်နီးရပ်ဝေးမှဧည့်ပရိတ်သတ်များ၊ ရွှေပွဲလာဧည့်သည်တော်များ ဖြင့် ကွင်းလုံးပြည့်လျှံစည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပြီး အခက်အဲကြားမှတောင်ကြီးမြို့ တောင်ပိုင်းရပ်ကွက်မှ ညမီးကြီးမီးပုံးပျံ(၁)လုံးကို လွှင့်တင်ယှဥ်ပြိုင်ပေးရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ပွဲတော်လာဧည့်ပတ်သတ်များ၊ ရပ်နီးရပ်ဝေးဧည့်ပရိတ်ပတ်များက တစ်ခဲနက်အားပေးကြပြီး ခေတ်ပေါ်တေးဂီတများဖြင့် ဒေသခံအဆိုတော်များက ဖျော်ဖြေကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး