
တောင်ကြီး နိုဝင်ဘာ-၂
၂၀၂၅ခုနှစ်တောင်ကြီးမြို့၏ရိုးရာမပျက်တန်ဆောင်တိုင်ပွဲတော်ကိုနိုဝင်ဘာ(၁)ရက်ည(၇)နာရီကအဝေရာမီးပုံးပျံကွင်း၌စတုတ္ထညတွင်မိုးရွာသွန်းနေသော်လည်းဇွဲမလျှော့သောလုံလဖြင့်ကွင်းလုံးပြည့်လျှံရပ်နီး၊ရပ်ဝေးမှပွဲတော်လာဧည့်ပရိတ်သတ်များ၊ဒေသခံတိုင်းရင်းသားပြည်သူများ၊ကြက်ပျံမကျစည်ကားသိုက်မြိုက်စွာလာရောက်၍မီးပုံးပျံလွတ်တင်ယှဥ်ပြိုင်နေမှုများနှင့်ပွဲတော်ကိုပျော်ရွှင်စွာပါဝင်ဆင်နွဲလျက်ရှိကြသည်။
အဆိုပါတောင်ကြီးတန်ဆောင်တိုင်ပွဲတော်စတုတ္ထညတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူတို့ကမီးပုံးပျံလွတ်တင်ယှဥ်ပြိုင်သည့်ကွင်းအတွင်းဆင်း၍စိန်နားပန်မီးပုံးပျံလွှတ်တင်နေမှုနှင့်စိန်နားပန်မီးပုံးပျံအားမီးပုံးလေးများချိတ်ဆွဲပေးကြကြောင်းသိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်စတုတ္ထယညတွင်လည်းခေတ်ပေါ်တေးဂီတဖြင့်ဒေသခံအဆိုတော်များမှဖျော်ဖြေတင်ဆက်ကြပြီးညမီးကြီးမီးပုံးပျံ(၆)လုံးစိန်နားပန်မီးပုံးပျံ(၅)လုံးစုစုပေါင်း(၁၁)လုံးလွှတ်တင်ယှဥ်ပြိုင်နေမှုကိုပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး