တောင်ကြီး နိုဝင်ဘာ-၁
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၇)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုဝင်ဘာလ (၁)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်ပတ်လည်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရားပန်းလဲလှလှယ်ခြင်း၊ ဘုရားပုရဝဏ်အတွင်း သန့်ရှင်းရေးဆောက်ရွက်ပေးကြကြောင်း သိရှိရသည်။
အဆိုပါ (၃၇)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်း အမှတ်ကို ဂုဏ်ပြုကြိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး