
တောင်ကြီး အောက်တိုဘာ ၂၂
ပြည်ထဲရေးဝန်ကြီးဌာန၊ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ရှမ်းပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး တွင် Nobel Builders Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်သော (၆)ခန်းတွဲ (၂)ထပ် (၁၄၀ပေ×၃၆ပေ) သံကူကွန်ကရစ်အဆောက်အဦ (၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအား အောက်တိုဘာလ၂၂ရက် ညနေ(၄) နာရီတွင် အရည်အသွေး စစ်ဆေးရေး နှင့် လက်ခံရေးဆပ်ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်နယ်ရဲအကူ တပ်ဖွဲ့ခွဲမှူးရုံးတို့မှ တာဝန်ရှိသူများနှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့