
ပင်လောင်း အောက်တိုဘာ ၂၂
၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းမှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်(Working Group ) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ၂၂ရက် နံနက် ၁၀ နာရီက ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးတင့်ဇော်ထက်က မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အမည်စာရင်းမကျန်စေရေး၊ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်း မှန်ကန်မှုရှိစေရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ စိစစ်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးကြွယ်မင်းထက်က အသက်(၁၈)နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးစိုင်းမှိုင်းခမ်းက မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ဖြည့်သွင်းရမည့် ပုံစံများ၊ မဲစာရင်း ပြင်ဆင်ခြင်းပုံစံများကို ရှင်းလင်းပြောကြားပြီး၊ အစည်းအဝေး တက်ရောက်လာကြသူသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက မဲဆန္ဒရှင်ပြည်သူများ စာရင်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက သိရှလိုသည်များကို ပြန်လည်ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့