
မိုင်းရယ် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မဲစာရင်း ပြည့်စုံမှန်ကန် စေရေးအတွက် ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၂၂)ရက် နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြို့နယ် စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေး ကော်မတီဉက္ကဌ ဦးစိုးမင်း အောင်က ကော်မတီအနေဖြင့် မြေပြင်တွင် မဲစာရင်း အတိုး အလျော့ စာရင်းအခြေအနေများကို တင်ပြရန်၊ တစ်ပတ်လျှင် တစ်ကြိမ်ပုံမှန်အသည်းအဝေးပြုလုပ်၍ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေ များကို မြေပြင်စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ ဥက္ကဌထံ ပြန်လည်တင်ပြရန်တို့ကို မှာကြားသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုေကာ်မတီတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဌ ဦးစိုးမင်းအောင်က ဉက္ကဌအဖြစ် ဆောင်ရွက်ပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ စာရင်းစစ်၊ ပြန်/ဆက်၊ စည်ပင်နှင့် ကြက်ခြေနီ စသည့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းဆောင်ရွက်ထား ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့