လင်းခေး အောက်တိုဘာ ၂၂
လင်းခေးခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးသည် အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၆၀၀.၀၀)သန်းဖြင့် အဆောက်အဦ အထူးအဖွဲ့(၁၁)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လင်းခေးမြို့နယ်ပြည်သူ့ဆေးရုံ (၆)ခန်းတွဲ (၄)ထပ် သူနာပြု အိမ်ရာ (၁)လုံး (၂၂၄၅၀ စ/ပေ)(ရေသန့်၊ လျှပ်စစ်နှင့် အခြားဆက်စပ်လုပ်ငန်းများ) ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ခံ အင်ဂျင်နီယာများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့