လင်းခေး အောက်တိုဘာ၂၀
၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်းများပြည့်စုံ မှန်ကန်ရေးနှင့်ဒုတိယအ ကြိမ်မြောက်MEVMမဲပေး စက်အသိပညာပေးဟောပြော ခြင်းနှင့်လက်တွေ့မဲပေးခြင်း နောက်ဆုံးရက်အဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲတာဝန်ရှိသူတို့သည် အောက်တိုဘာလ၂၀ရက် နံနက် ၈နာရီက လင်းခေးမြို့၊ပန်ဝေါင်ရပ် ကွက်ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက် ရာတွင်လင်းခေးမြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ တီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေး မှူးဦးစိုးမင်းထက်က မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာခဲ့စဥ်က မိမိတို့၏ အမည်စာရင်းများ ပါဝင်ခြင်းရှိ/မရှိမကြည့်ရှုရသေးသူများ ယခုဒုတိယအကြိမ် မဲစာရင်းကပ်ထားခြင်းအား လာရောက် ကြည့်ရှုကြရာတွင် မိမိတို့အမည်စာရင်းနှင့် အချက်အလက်များပြည့်စုံမှုရှိ/ မရှိအား သေချာစွာကြည့်ရှု ကြရန်လိုအပ်ပါ ကြောင်းနှင့် မဲစာရင်းကပ်ထားကြေညာ ခြင်းသည်ယနေ့နောက်ဆုံး ဖြစ်သည်ကို မဲဆန္ဒရှင်များသိရှိနိုင်ပါရန် အသိပေးပြောကြားခဲ့ပါသည်။
ပြည်သူများအနေဖြင့် MEVMမဲပေးစက်ဖြင့် ဆန္ဒမဲပေးရာ၌ လွယ်ကူစွာမဲပေးသွားနိုင်ရေး ရည်ရွယ်လျက် ဒုတိယအကြိမ် အသိပညာပေးဟောပြောပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းတို့ကို နောက်ဆုံးကွင်းဆင်း ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိဦးချိုနိုင် က MEVMမဲပေး စက်အသုံးပြုပုံနည်းစနစ် အဆင့်ဆင့်အား လက်တွေ့ပြသရှင်းလင်းခြင်း၊ မဲစာရင်းကပ်ထားကြေညာထားခြင်း နောက်ဆုံးရက်ဖြစ်သော် လည်းရပ်ကွက်အတွင်းရှိမဲ ဆန္ဒရှင်များအနေဖြင့်မိမိတို့၏မိသားစုဝင်များအားလုံးမပျက်မကွက်ကြည့်ရှုကြပါရန်၊ လိုအပ်သည့်အချက်များအား အချိန်နှင့်တစ်ပြေးညီပြင်ဆင်ဖြည့်စွက်သွားကြစေလိုပါ ကြောင်းရှင်းလင်းပြောကြား ပေးခဲ့ပါသည်။
ယင်းနောက်တက်ရောက်လာသည့် မဲဆန္ဒရှင်အားလုံးက လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြကာ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့