ကလော အောက်တိုဘာ ၁၆
ရန်ကုန်မြို့ဓမ္မစကြာရိပ်သာကျောင်းတိုက် (လက်ပန်တောင်း) ဆရာတော်၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ မဟာထေရ်အရှင်သူမြတ်ကြီး၏ ညအထူးတရားပွဲတော်ကို အောက်တိုဘာလ ၂၅ ရက်နေ့ ည၆နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ ကလောမြို့၊မြို့မပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ တရားပွဲသို့ မြို့မပရိယတ္တိစာသင်တိုက်ဆရာ‌တော် ဘဒ္ဒန္တ ဝိမလသာရနှင့် စာသင်သံဃာတော်များ၊ကလောခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်နှီး၊ရပ်‌ဝေးမှတရားချစ်ခင် ဓမ္မမိတ်ဆွေ များတက်‌ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တရားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ထို့နောက် တရား‌ တော်နာယူနိုင်‌ရေးအတွက် ဒါယိကာမ မမနောဖြူ က ဆရာတော်ဘုရားကြီးအား တရားတောင်း အလင်္ကာဖြင့် ရွတ်ဆိုပူဇော်ခဲ့ပြီး ဆရာတော်ဘုရားကြီးမှ ကောင်းခြင်းလေးဖြာ မင်္ဂလာ တရားခေါင်းစဉ်ဖြင့် တရားတော်များ ဟောကြားချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ရပ်နှီး၊ ရပ်ဝေးမှတရား‌တော်နာ ပရိသတ်များနှင့် အလှူရှင်များက ဆရာတော်ကြီးအား ဓမ္မပူဇာအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ တရားပွဲအား ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ တရားပွဲအား ရုပ်သိမ်းခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့