ကလော အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အောက်တိုဘာလ ၁၅ ရက် မွန်းလွှဲ ၁ နာရီ က မြင်းမထိ‌ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြင်းမထိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်(တာဝန်ခံ) ဆရာမကြီး ဒေါ်သီတာဝင်း က အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရေး၊ အားလပ်တဲ့အချိန်မှာ စာအုပ်စာစောင်များဖတ်၍ အချိန်ကိုအကျိုးရှိရှိအသုံးချတက်စေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းနှင့် လူငယ်‎ရေးရာအကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် ကလေး အလုပ်သ မားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက် ပေး အသိပညာပေးနံရံကပ် စာစောင်နှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်းအသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာကျောင်းသား၊ကျောင်းသူများကစိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ အောက်တိုဘာလ၁၃ရက်နေ့စ၍ နေ့စဉ်ကျန်းမာရေး‌ဌာနမှ ဝန်ထမ်းများကအဖွဲ့ခွဲ၍ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်း တို့တွင်ကျောင်းအခြေပြု ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်း‌ ဆောင်ရွက်လျက်ရှိ‌ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်း၊မိခင်နှင့်ကလေး၊ကျောင်းကျန်းမာရေး အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ စောမြတ်သစ္စာတို့ဦး‌ဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ် ပြည့်ပြီး အသက်(၇)နှစ်မကျော်သော KG အတန်းမှ ကျောင်းသား၊ ကျောင်းသူများအားဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ် ဆေး(DT)ထိုးနှံပေးပြီး၊ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ကို ထိုးနှံပေးလျက်ရှိ‌ကြောင်း၊(DT)ထိုးနှံပြီးလူဦး‌ရေ KG တန်း ကလေး ၂၁၄၅ ဦးနှင့် HPV ထိုးနှံပြီး ကျောင်းသူ (၉၅၉)ဦးရှိကြောင်း၊ကလောမြို့နယ်ရှိအခြေခံပညာကျောင်းများ‌ ပေါင်း ၂၀၀ အနက် တွင် ၁၆၇ ကျောင်းထိ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့်စာ‌သင်ကျောင်းများအားဆက်လက်၍ ထိုးနှံပေးသွားပါမည်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့