တန့်ယန်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် Grade- 5၊ Grade- 6၊ Grade- 7၊ Grade- 8၊ Grade- 9 များ၏ သင်္ချာနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ သင်္ချာနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲအား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းနှင့် တာဝန်ရှိ ဆရာ ၊ ဆရာမများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်္ချာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး၊ ဝင်ရောက် ဖြေဆိုကြကာ မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၏ ကျပန်းစကားပြောပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့