မိုင်းရယ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲ‌ေကာ်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် MEVM စက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို အောက်တိုဘာ ၁၄ရက် နံနက်ပိုင်းမှစ၍ ကွင်းဆင်းသရုပ်ပြခဲ့သည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် နားဖျိုင်း ကျေးရွာအုပ်စု၊ နားခို ကျေးရွာအုပ်စုတို့တွင် ကွင်းဆင်း၍ ပြည်သူများအား MEVM စက်ဖြင့် လက်တွေ့မဲ ပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိုမြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် ပြောကြားပြီး တက်ရောက် လာသည့် ပြည်သူများက လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။
ထိုသို့ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာအုပ်စုများရှိ ကျေးရွာဘက်စုံ သုံးခန်းမများတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အား‌ေပးခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့