
ကလော အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့တွင်(၂၀)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး(ပထမအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၄ ရက် နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၊ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဦးစိုးမြင့် က ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီအလိုက်လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍အမှာစကားပြောကြားခဲ့သည်။ ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသည့် လုပ်ငန်းဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ကော်မတီအလိုက် တင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဦးစိုးမြင့် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒုတိယအကြိမ် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကလောမြို့တွင် (၂၀)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရိုးရာမီးရှော်တိုင် (၂၁)တိုင်နှင့်မီးကြာစံ (၂၁)ဖွဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့