
လွိုင်လင် အောက်တိုဘာ-၁၃
လွိုင်လင်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို အောက်တို့ဘာလ၁၃ ရက် နံနက် ၉ နာရီတွင် လွိုင်လင်မြို့နယ်မီးသတ်စခန်း၌ သို့ လွိုင်လင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားပြီး ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် ရတနာကျောင်းတိုက်၌ နေ့လည်(၂)နာရီတွင် ကျင်းပပြုလုပ်သော လွိုင်လင်မြို့၊ ရတနာစည်ကျောင်းတိုက်တွင်တပ်နယ်နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းကထိန်အလှူပွဲ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန််းညှိနှိုင်းအစည်းအဝေးသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့