လင်းခေး အောက်တိုဘာ ၁၂
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်တွင် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် လူထုအသိပညာပေး “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့” မြေစိုက် ပိုစတာ စိုက်ထူပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက် နံနက် ၈နာရီတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးသည် လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၊ လင်းခေး-ဝမ်ဟတ်-ဟိုမိန်း သွားလမ်း၊ လူစည်ကားရာနေရာ၌ တပ်နယ် (လင်းခေး) မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသက်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ အထက(လင်းခေး) ကျောင်းသား/သူ ဘင်ခရာအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၂၀)ဦးခန့် တက်ရောက်ခဲ့ရာ အခမ်းအနားတွင် တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်စေရေးအတွက် လူထုအသိပညာပေး “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့” မြေစိုက်ပိုစတာဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်အားအမွှေးနံသာရည်တို့ဖြင့် ပက်ဖျန်းခြင်း၊ အခမ်းအနားသို့ တက်ရောက် လာကြသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့