ရွာငံ အောက်တိုဘာ ၄
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အဖွဲ့ဝင်(၁) ဦးရာဇာငြိမ်းချမ်းသည် အောက်တိုဘာ ၄ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရွာငံမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အဖွဲ့ဝင်(၁) ဦးရာဇာငြိမ်းချမ်းသည် စျေးတန်းရပ်ကွက်၊ ဗထူးခန်းမတွင်အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာရာ ရပ်ကွက်ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား သွားရောက်တွေ့ဆုံအားပေးကာ မြို့နယ် တာဝန်ရှိသူများကို ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ကပ်ထားကြေငြာထားသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး ဆောင်ရွက်သွား ရန်နှင့်ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ရွာငံမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု (၃၁ )အုပ်စုမှ မဲရုံစုစုပေါင်း ၄၀ ရုံ၊ ပထမအကြိမ် ကပ်ထား ကြေညာသည့် မဲစာရင်း တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၆၄၈၅၉ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့