တောင်ကြီး အောက်တိုဘာ ၃
PDFအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အကြမ်းဖက်အုပ်စုများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မှုအား လက်ခံကြိုဆိုခြင်းနှင့် မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ (၃)ရက် နေ့လည်(၁)နာရီတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီး/ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စုစုပေါင်းအင်အား (၃၀၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ လိုက်ပါတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့