
မိုင်းရယ် အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုက ရေစီအ ထွေထွေ ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကြေငြာထးရှိမှုများအား အောက်တိုဘာလ ၃ရက် နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဌ နှင့်အဖွဲ့ဝင်များက ကျေးရွာ မဲရုံများတွင် မဲစာရင်းလာရောက်ကြည့်ရှုမှုများအား လိုက်လံကြည့်ရှုပါသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များသည် မန်ပုံကျေးရွာ၊ မန်ဖျက်ကျေးရွာအုပ်စု၊ နားခိုကျေးရွာအုပ်စုများရှိ မဲရုံများတွင် ပြည်သူများ မဲစာရင်းများ လာရောက်ကြည့်ရှုခြင်း၊ အမည်စာရင်းမပါရှိမှုများအား လျှောက်ထားခြင်းများကို ကွင်းဆင်းကြည့်ရှုပြီး ပြည်သူများသိရှိလိုသည်များအား ရှင်းလင်းပြောကြားပေးပါသည်။ မိုင်းရယ်မြို့နယ်အတွင်း ၂၀၂၅ခုနှစ် ရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် မဲရုံ(၂၉)ရုံတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကြေငြာထားကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့