ကျိုင်းတုံ အောက်တိုဘာ- ၁
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်‌‌ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ပြည်နယ်-ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တိုင်းမှူးက အဖွင့် မိန့်ခွန်းပြောကြားခြင်း၊ ရဲမှူးကြီး နေမျိုးထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံရဲတပ်‌‌ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် ပြခန်းများ လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း သိရှိရသည်၊၊
ဆက်လက်၍ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို နံနက်၁၀နာရီခွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ကျိုင်းတုံမြို့၊ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် ဇနီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အဘိုး/အဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခြင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများမှ အဘိုးအဘွားတို့အား ပစ္စည်းငွေလှူဒါန်းခြင်း၊ အဘိုး/အဘွား(၁)ဦးမှ ဆုပေးစကားပြောကြားခဲ့ပြီးနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အမှတ်(၃) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀) နယ် လှည့်ဆေးကုသရေးအဖွဲ့မှ သက်ကြီးဘိုးဘွားများအား ဆေးကုသပေးနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့