
တောင်ကြီး အောက်တိုဘာ-၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် သစ္စာ၊ သမာဓိ၊ သတ္တိဆိုသည့် ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန်အတွက် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါပြောင်းလဲအောင် နှစ်အလိုက်အစီအမံများ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ(၁)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မိမိတို့၏လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ် ဖွဲ့ကောင်းများဖြစ်ရန် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည်မှန်ကန်စွာ အဂတိကင်းအောင် အလေးထားဆောင်ရွက်သွားကြရန်၊ ပြည်သူ လူထု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိုရည်မှန်းပြီး နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ နယ်မြေရဲစခန်းအဆင့်မှ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အထိ နိုင်ငံတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနှင့်အညီ စံပြပြုမူဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု တစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ကျော်ကျော်ဟန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားသည်။
ယင်းနောက် ဆုရတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က ရဲချုပ်၏ တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသူ တပ်ဖွဲ့ဝင် (၃) ဦးအား တိုးမြှင့်ရာထူးချီးမြှင့်ပေးပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့များမှတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို ပြည်နယ်ဝန်ကြီးချုပ် ကပေးအပ်ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ရဲမှူးချုပ် ကျော်ကျော်ဟန်မှ လက်ခံရ ယူသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် နိုင်ဇော်ဦး က ရဲချုပ်၏ တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသူ တပ်ဖွဲ့ဝင်(၂)ဦးအား တိုးမြှင့်ရာထူးချီးမြှင့်ပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် က ရဲချုပ်၏ တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ခြင်းခံရသူ (၁) ဦးနှင့် အမှုထမ်းကောင်း လက်မှတ်ရရှိသူ(၁)ဦးအားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်းက ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ် ရရှိသူ(၂)ဦးအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ရဲချုပ် ၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ(၂)ဦးအား လည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်က ရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလည်းကောင်း အမှုထမ်းကောင်းလက်မှတ်နှင့် ဆုများချီးမြှင့်ပေးအပ် ကြသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည်ရှုကြပြီး ဆုရရှိသည့် တပ်ဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနား တက်ရောက်လာကြသူများအား ရင်ရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။
ယင်းနောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ကျော်ကျော်ဟန် က မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက အမှုထမ်းကောင်း လက်မှတ်နှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မိသားစုဝင်များ၏ နေအိမ်လိုင်းခန်းဘက်စုံထူးချွန်ဆုများနှင့် စိုက်ပျိုးရေး/မွေးမြူရေးဆုများ ချီးမြှင့်ပေးအပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ဇနီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်တင်မိုးအေး နှင့်တာဝန်ရှိသူများကလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန် က ဂုဏ်ထူး ၅ ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားအားလည်းကောင်း၊ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ဇနီးက ဂုဏ်ထူး ၄ ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ရှမ်းပြည်နယ်ရှိ ရဲမှူထမ်းဟောင်းအဖွဲ့ဝင်များအတွက် မတည် ငွေသိန်း(၃၀)ကျပ်အား ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပေးအပ်ရာတာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
ယင်းနောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ကဲစမ်းမဲဖွင့်ဖောက်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက ကံထူးရှင်များအား ပေါက်မဲဆုများချီးမြှင့်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး