ဆီဆိုင် စက်တင်ဘာလ-၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ၃၀ရက် နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ ကြော်ငြာဘုတ်များ၌ ကပ်ထား ကြေညာပေးထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်၍ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်၊ မှတ်ပုံတင်၊ အဘအမည် စသည်ဖြင့် မှားယွင်းနေပါက ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင်ရမည်ဖြစ်ပါသည်။ အထက်ပါ ပုံစံများအား ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် အခမဲ့ထုတ်ယူ နိုင်ကြောင်း တာဝန်ရှိသူတို့ထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး