
မိုင်းပန် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာများ၌ ကြေညာထားရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ဝင်များက မဲရုံများအလိုက် လိုက်လံ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များမှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးအတွက်လျှောက်ထား ရန်တို့အား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့်မဲဆန္ဒရှင်စာရင်းများ ကြေငြာထားကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး