လွိုင်လင် စက်တင်ဘာ-၃၀
လွိုင်လင်မြို့နယ်အတွင်း ပထမအကြိမ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအားရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် မဲစာရင်း ကပ်ကြေညာခြင်းကို စက်တင်ဘာ၃၀ ရက် နံနက် ၈ နာရီခွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့်အဖွဲ့၀င်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ ဥက္ကဌ ဦးစိုးနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးမိုးမောင်မောင်ခင်နှင့် တာ၀န်ရှိသူများက လိုက်လံကြည့်ရှုခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး